Jul 10, 2009

ု



~~ ကြယ်ဝါဝါလေးတပွင့် ~~
ကြယ်ဝါလေးရေ…
အာကာပြင်မှာ တက်လာမဲ့ လူငယ်တွေ
မားမားရပ်တည်ခဲ့တယ်…..
ကြီးပြင်းလာမဲ့ မျိုးဆက်သစ်
ဖွံ့ဖြိုးလာမဲ့အနာဂတ်ကလေးတွေကို
~~ ကြယ်ဝါလေးရယ်…
မင်း လမ်းညွှန်ခဲ့တဲ့မြေပုံ
ကြယ်ဖြူတွေကြားထဲ တောက်ပြောင်တဲ့လမ်းကို
ဝင့်ဝင့်ကြွားကြွား လိုက်နိုင်ကြမှာပါကွယ်…..
ပြောင်ပြောင်တင်းတင်းနဲ့
အရည်အချင်းတွေထုတ်
~~ ပြောင်မြောက်တဲ့သတ္တိ
ကြယ်ဖြူဖြူတွေနဲ့ လင်းလက်ခဲ့တဲ့
ရင်ဘတ်ချင်းတန်းနိုင်ခဲ့တဲ့ သူရဲကောင်းစိတ်ဓာတ်ဟာ
အဲဒီသတ္တိကိုတော့ အနာဂတ်မျိုးဆက်အတွက်
ချီးကျူးလေးစားပါရဲ့…..
အတုယူနိုင်လောက်တဲ့
မင်းဟာ လမ်ပြကြယ်ဝါလေး…..
~~ ကြယ်ဝါလေးရယ်…
ရွှေဝါရောင်မြေပေါ်ထက်က
~~ အော်…..
ကောင်းကင်မှာမနေခဲ့ပေမယ့် ကံကြမာရဲ့လှည့်စား
ရွှေဝါရောင်မြေရဲ့အကျိုး အဖြားယောင်းတွေနဲ့ကြောင့်မို့
အရွယ်နဲ့မလိုက်စွာ မထိုက်တန်သေးတဲ့အချိန်
တဖက်တထောင့်ကနေ ကြွေခဲ့ရတဲ့အဖြစ်ကို
သယ်ပိုးနိုင်ခဲ့တဲ့ ရင်နှင့်အမျှခံစားရပါတယ်
သူရဲကောင်းစိတ်ကိုတော့ ကြယ်ဝါလေးရယ်.........
အတုယူလောက်ပါပေတယ်…..

စိတ်မကောင်းခြင်းများစွာဖြင့်
မြင့်ဇော်

No comments:

Post a Comment