Sep 16, 2011

အလင်းရောင်ရေမင်းကို ရှိနေစေချင်လိုက်တာ





မင်းကို ရှိနေစေချင်လိုက်တာ ပင့်ခ် ဖလွိုက်

ဆိုပါစို့... ဆိုပါစို့
မင်းက ပြောပြနိုင်ပါ့မလား။
ငရဲကနေပြီး နိဗ္ဗာန်အကြောင်း
နာကျဉ်မှုတွေကနေ အပြာရောင်ကောင်းကင်ကြီးအကြောင်း
အေးခဲနေတဲ့ သံမဏိရထားလမ်းတွေကနေပြီး အစိမ်းရောင်မြက်ခင်းတွေအကြောင်း
မျက်နှာဖုံးတွေအောက်က အပြုံးတွေအကြောင်း
မင်းက ပြောပြနိုင်ပါ့မလား။
မင်းက ပြောပြနိုင်မယ်လို့ ထင်နေသလား။

သူတို့က မင်းကို ကုန်လိုဖလှယ်လိုက်ကြပြီလား
မင်းရဲ့သူရဲကောင်းတွေကို တစ္ဆေတွေနဲ့
မင်းရဲ့ ပြာပူတွေကို သစ်ပင်တွေနဲ့
မင်းရဲ့လေပူတွေကို လေနုအေးတွေနဲ့
အပြောင်းအလဲတွေကို အေးဆေးတဲ့ သက်တောင့်သက်သာဖြစ်မှုတွေနဲ့
မင်းက ဖလှယ်ခဲ့ပြီလား...။
စစ်ပွဲထဲမှာ ဖြတ်လျှောက်ခဲ့ရတဲ့ လမ်းကလေးကို
လှောင်အိမ်ထဲက ဇာတ်ကောင်တယောက်ဘ၀နဲ့
(မင်းက ဖလှယ်ခဲ့ပြီလား...။)

မင်းကို ရှိနေစေချင်လိုက်တာ
မင်းကို ဘယ်လိုရှိနေစေချင်မှန်း မသိပါဘူး။
ငါတို့ နှစ်ယောက်ဟာ ရွှေငါးကန်ထဲမှာ ကူးနေကြတဲ့ ၀ိဉာဉ်ပျောက်နေရသူတွေ
တနှစ်ပြီး တနှစ်
ဒီကွင်းအဟောင်းကိုပဲ ပြန်ပြေးလို့
ငါတို့ ဘာတွေတွေ့ရှိခဲ့ကြပါသလဲ
အရင် အကြောက်တရားတွေပဲပေါ့
မင်းကို ရှိနေစေချင်လိုက်တာ...။ (ဘာသာပြန် ယောဟန်အောင် )

Wish You Were Here
Music by Pink Floyd Roger Waters and David Gilmour
So, so you think you can tell
Heaven from hell?
Blue sky from pain?
can you tell a green field
from a cold steel rail?
a smile from a veil?
Do you think you can tell....
Did they get you to trade
Your heros for ghosts?
Hot ashes for trees?
Hot air for cool breeze?
Cold comfort for change?
did you exchange?
A walk on part in the war
For a lead role in a cage?

How I wish,how I wish you were here
We're just two lost souls swimming in a fish bowl year after year
Running over the same old ground what have we found?
The same old fears, Wish you were here

Jul 1, 2011

Poem for Thant Sin