Jun 16, 2009

အချစ်တရား (သို့ ) အလင်းရောင်အဖွင့်


အလင်းရောင်ရေ
သန့် စင်ရေ
မောင်သန့် စင်ရေ
သားရေ တဖွဖွတနေကြ။

အရင်တိုင်းပါပဲ လမ်းမတွေပေါ်မှာ ကားတွေပြေးနေကြ
လူတွေလျှောက်နေကြ
ဆင်(မ်)ဆင် ကလည်းလာနေကြ
ကမ္ဘာကြီးကလည်း သူ့ ဝင်ရိုးပေါ်လည်ပတ်လို့ 
သားရေ သားကို ချစ်သူတွေမှာတော့
ကြိမ်မီးအုံးထားသလို
ငိုကြွေး ပူဆွေးကြလို့ ပါ သားရေ။

အလင်းရောင် ဘဘအောင်ချိမ့် ပေးတဲ့အမည်လေ
အမှောင်ထုမှာ အလင်းတွေဖြာစေဖို့ ။
အမှန်တရားမှာ ပိုမိုအလင်းတွေဖြာစေဖို့ 

သန့် စင် လှလိုက်တဲ့ အမည်လေး
ဖေဖေပေးခဲ့ပါတယ်၊
ရိုးသားခြင်း စင်ကြယ်ခြင်း
မြင့်မြတ်ခြင်းတွေရဲ့ သင်္ကေတ
ပညာတော်တဲ့ အဖေ့သူငယ်ချင်းရဲ့ အမည်လေ
သားရေ ..........
သားကလည်းတော်လိုက်တာ
အဖေတို့ ဂုဏ်ယူပီတိဖြစ်ပေါ့ ။


သားရေ တချက်ကလေး သတိမဲ့မှုမှာပဲ
`ဘယ်လောက်ချစ်သလဲ ဖေဖေကိုဆို´
စကြာဝဠာကြီးလောက် ချစ်တယ်ဆိုတဲ့ သား
သားနဲ့ ညီလေး
မေမေဖေဖေ
သားချစ်တဲ့သူတွေ
မိုးနဲ့ မြေလိုဝေးကြ
ကံကုန်တယ်လို့ ပဲ ယုံလိုက်ပေါ့ 
(ကံကိုမယုံချင်သူက)
သားရေ။

ရင်နဲ့ အမျှပါသားရေ
ညီလေးကလည်းတိတ်ဆိတ်
မေမေကလည်း နှုတ်ဆိတ်
ဖေဖေကလည်းဟန်ဆောင်နေရ
(တကယ်ပြိုလဲသွားတော့မှာပါ)

ငါတို့ ရဲ့ တိုက်စစ်မှူးကြီး ထွက်သွားမှုမှာ
ဖေဖေတို့  ကြေကွဲမဆုံးပါ
ဓါတ်ပုံထဲ သားအပြုံးများ
ဖေဖေတို့ အတွက်ကြယ်စင်တစ်ခု
အလင်းရောင်။ ။

အောင်သူ(၁၅.၀၆.၀၉)